လဲချား  နိုဝင်ဘာ  ၂၃

 

ရှမ်းပြည်နယ်တောင်ပိုင်း၊​ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများမှ နိုဝင်ဘာ ၂၂ ရက်နေ့က ဝမ်ဟိုင့်ကျေးရွာအုပ်စု ဝမ်ပန်ကျေးရွာရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့​သည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဝမ်ဟိုင့်ကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်မပြုလုပ်ရသေးသူ အသက်(၁၈)နှစ်အထက် (၇၂)ဦးတို့ကို နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့သည်။

 

လဲချားမြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း လုပ်ငန်းများကို ကျေးရွာအုပ်စုများအလိုက် အဖွဲ့ခွဲ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။

 

လွှမ်းသူနောင် (လဲချား)