မချမ်းဘော့   နိုဝင်ဘာ   ၂၃

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

 

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မချမ်းဘော့မြို့မှ ဆရာမ ဒေါ်ခေါ်နန်က လူငယ်နှင့် မူးယစ်ဆေးဝါး ခေါင်းစဉ်အားဖြင့် ဟောပြာခဲ့သည်။ ထို့နောက် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် စာအုပ်/ စာစောင်များ၊ သုတရသစာအုပ်များ ခင်းကျင်းပြသထားရာ စာပေချစ်မြတ်နိုးသူ ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစား လာရောက် ဖတ်ရှုလေ့လာကြသည်။

 

ပူတာအိုခရိုင်၊   မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် (Community Centre)ခန်းမ၌       ပြည်သူများအသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေး Talk Show များ၊ ဟောပြောပွဲ၊ ပြိုင်ပွဲများ စသည့်အသိပညာပေးလုပ်ငန်းများကိုလည်း လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)