နတ်မောက် နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားဝန်ထမ်းများအား နိုဝင်ဘာ ၂၂ ရက်မှစ၍ ပင်စင်လစာငွေများ စတင်ထုတ်ပေးလျက်ရှိရာ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် နေ့အလိုက် ခွဲခြားသတ်မှတ်၍ စနစ်တကျပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ပင်စင်စားဝန်ထမ်း(၁၈၀၀)ဦးရှိပြီး နိုဝင်ဘာ ၂၂ ရက်မှ ၂၉ နေ့အထိ နေ့စဉ် နံနက် ၈ နာရီခွဲမှ မွန်းလွဲ ၁ နာရီအထိ ပင်စင်လစာငွေများ ထုတ်ပေးသွားမည်ဖြစ်ပြီး သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား ဒီဇင်ဘာလဆန်း ဘဏ်လုပ်ငန်းချိန်အတွင်း၌ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း


