မိုးမိတ် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် မြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် မြို့နယ်သန့်ရှင်းသာယာ လှပရေးနှင့် မြို့တွင်းလမ်းများ ကောင်းမွန်စေရေးအတွက် နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ မြောက်ပိုင်းရပ်ကွက်၊ သီတာလမ်းအား မြေသားလမ်းအဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်ဆောင်ရွက်နေမှုကို မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးတင်ရှိန်တို့က စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေးအတွက် နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကွန်ကရစ်လမ်းသည် အရှည် ပေ ၄၀၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ရှိကာ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက် ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ် ၈၅၉၇၀၀၀ ဖြင့် ဆောင်ရွက်ခဲ့ပြီး မြို့နယ် စည်ပင်သာယာ ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
မိုးမိတ်သား(ပြန်/ဆက်)


