မဘိမ်း   နိုဝင်ဘာ   ၂၃    

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ကျေးရွာမြေငှားဂရန်များ ပေးအပ်ပွဲကို နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းက ကျေးရွာ မြေငှားဂရန်များ ထုတ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မဘိမ်းမြို့နယ်၊ ကုန်းမခံကျေးရွာအုပ်စုအတွင်းရှိ အိမ်ခြေ ၁၁၇ အိမ်၏ အိမ်ခြံမြေပိုင်ရှင်များထံသို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်ထက်အောင်၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးကိုကို၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီအရာရှိ ဦးကျော်သက်နိုင်နှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ညီညီတို့က အိမ်ခြံမြေ ပိုင်ရှင်များထံသို့ ကျေးရွာမြေငှားဂရန်စာချုပ်များကို ပေးအပ်ခဲ့ကြပြီး အိမ်ခြံမြေပိုင်ရှင်များကိုယ်စား ကုန်းမခံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

မျိုးမင်း(ပြန်/ဆက်)