ပင်လောင်း   နိုဝင်ဘာ   ၂၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စု၊ ဘန့်ဘာကျေးရွာအုပ်စု၊ နန်းတုတ်ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများအား နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းမှစတင်၍ ဆောင်းပြောင်းကျေးရွာ အထက ကျောင်းခန်းမ စုရပ်နေရာ၌ ကွင်းဆင်း၍ ဒုတိယအကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ သိရသည်။

 

ကာကွယ်ဆေးထိုးနှံရာတွင် ပင်လောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်း ကော်မတီ၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ ကြီးကြပ်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများ၊ ကျန်းမာရေးဌာန ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေး အသင်းအဖွဲ့များက ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည်သူများကို ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူခြင်း၊ ကိုယ်ပူချိန် တိုင်းတာခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပူးပေါင်းကူညီဆောင်ရွက်ပေးကြသည်။

 

ထွန်းလင်း(ပင်လောင်း)