ကျိုင်းတုံ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)တို့ ပူးပေါင်းဖွင့်လှစ်သည့် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်းကို နိုဝင်ဘာ ၂၂ ရက်က ယန်းလောကျေးရွာအုပ်စု၊ ဝေါ်ခုတ်ရွာ၊ ဖူလှိုင်ဟိုတယ်၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဖွင့်လှစ်သည်။
သင်တန်းနည်းပြများက သင်တန်းတက်ရောက်သူများ အနေဖြင့် ရှေးဦးပြုစုခြင်း ဘာသာရပ် များကို ဆက်လက်ဆင့်ပွားမျှဝေရန်ပြောကြားပြီး အကြောင်းအမျိုးမျိုးကြောင့် ရရှိသည့် ထိခိုက်ဒဏ်ရာ များအား ရှေးဦးပြုစုခြင်း၊ အချိန်မီဆေးရုံပို့ဆောင် ဆေးကုသပေးနိုင်ရေး ၊ ရှေးဦးပြုစုသူ၏ အခန်းကဏ္ဍ တာဝန်ဝတ္တရာများ စသည့် အကြောင်းအရာများကို ဆွေးနွေးပို့ချသည်။
အဆိုပါသင်တန်းကို နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များမှ ကြက်ခြေနီတပ်ဖွဲ့ဝင် ၂၀ တက်ရောက်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


