ဘိုကလေး နိုဝင်ဘာ ၂၃

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ (၇) လမ်းတွင် နိုဝင်ဘာ ၂၀ ရက်၌ မီးအားမြှင့်စက် အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်၍ နေအိမ်တစ်လုံး မီးလောင်ခဲ့ရာ အဆိုပါ မီးလောင်မှုဖြစ်ပွားသည့် အိမ်ထောင်စုဝင်အား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ နိုဝင်ဘာ  ၂၂  ရက်နေ့ ညနေ ၄  နာရီက ထောက်ပံ့ငွေပေးအပ်ခဲ့သည်။

 

ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိုနယ်ဦးစီးမှူး ဦးသော်ထက်အောင်မှ မြို့နယ်အထွေထေွအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် မီးဘေးသင့်အိမ်ထောင်စုဝင် လက်ဝယ်အရောက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ကိုးသောင်းကျပ်နှင့် မီးဘေးသင့် မိသားစုဝင် သုံးဦးအတွက် ခုနစ်ရက်စာ ဆန်ရိက္ခာဖိုးတို့အား ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)