လှိုင်းဘွဲ     နိုဝင်ဘာ  ၂၃

 

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကော့ဖမုတ်ကျေးရွာတွင် ကြက်ခြေနီအသင်းခွဲမှ ဖွင့်လှစ် သင်ကြားပေးသော အခြေခံရှေးဦးသူနာပြုစုခြင်း လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ  ရှေးဦးသူနာပြုစုခြင်း သင်တန်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်း တပ်ဖွဲ့မှူး ဦးဝင်းဇော်၊ ဒုတပ်ဖွဲ့မှူး ဒေါ်အေးအေးဖြူနှင့် သင်တန်းနည်းပြများက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုခြင်း အခြေခံ သဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်သော ရှေးဦးပြုစုခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့် ရိုးအက်ဒဏ်ရာ ပတ်တီးစည်းနည်း၊ ရှေးဦးပြုစုမည့်သူ လိုက်နာရမည့် အချက်များ၊ မိုင်းအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန် အချက်များကို အသိပညာပေးခြင်း စသည့်အကြောင်းအရာများကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။

 

စောဒိ(ပြန်/ဆက်)

 

mdn