မိုင်းယန်း နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား RDT Tesk Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းကို နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စစ်ဆေးပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဉီးဘနှင့် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အဆင့် ဌာနဆိုင်ရာ (၅)ဌာနမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို RDT Tesk Kit ဖြင့် အခမဲ့စစ်ဆေးပေးခဲ့ရာ ရောဂါပိုးတွေ့သူမရှိကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်တွင် ဩဂုတ်လ ၂ ရက်မှ နိုဝင်ဘာ ၂၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့အတည်ပြုလူနာ(၁၅၅)ဦးတွေ့ရှိသည့်အနက် ကျန်းမာရေးပြန်လည်ကောင်းမွန်၍ နေအိမ်သို့ ပြန်လည်စေလွတ်သူ(၁၃၇)ဦးရှိကြောင်း သိရသည်။
ထွန်းထွန်းထူး


