နောင်ချို   နိုဝင်ဘာ   ၂၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)   ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိသည်။

 

ထိုသို့ထုတ်ပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ လာရောက်ထုတ်သူများအား သုံးပေအကွာ နေရာများထားပေးခြင်း၊ လက်ဆေးဘေစင်များ ထားရှိပေးခြင်း၊ ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအတွက် မိသားစုဝင်တစ်ဦးက ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ခြင်း စသည်တို့ကို မြန်မာ့စီးပွားရေးဘဏ်မှ စီစဉ်ဆောင်ရွက်ပေးထားကြောင်း ဒုတိယမန်နေဂျာထံမှ သိရသည်။

 

ထွေးငယ်(ပြန်/ဆက်)