ရန်ကုန် နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၊ ကန်တော်ကြီးဝင်းအတွင်း၊ခေမာဒီပကျွန်းရှိ ဘုရားစေတီပုထိုးများနှင့် ဘုရားပရိဝုဏ်အနီး သန်းရှင်းသာယာသပ်ရပ်စေရန်နှင့် ဘုရားဖူးလာ အများပြည်သူများ စိတ်အေးချမ်းသာစွာဖူးမြော်ကြည်ညို ကုသိုလ်ယူနိုင်စေရန်နှင့် အများပြည်သူ အမြင်တင့်တယ်ပြီး ကြည်ညိုကုသိုလ်ပွားများစေရန် ရည်ရွယ်၍ နိုဝင်ဘာ ၂၂ ရက်က ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဘုရားစေတီ၊ ရုပ်ပွားတော်များ ပြုပြင်ခြင်းကို ရွှေတိဂုံစေတီတော် ကြာသပတေးအသင်းသူ၊ အသင်းသားများ စုပေါင်းကာ ဘုရားစေတီပုထိုးများအား ရေဆေး၊ ဆီဆေးများ ပြန်လည်ပြုပြင် ခြယ်သခြင်း၊ စေတီပတ်ဝန်းကျင်အနီး သန့်ရှင်းသာယာရေးအတွက် ဝိုင်းဝန်းရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)


