ဒေးဒရဲ   နိုဝင်ဘာ   ၂၃

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာ၊ ရွာဟောင်းကွင်း၊ ကွင်းအမှတ် (၂၄၈)ရှိ တောင်သူ ဦးယောဟန်၏ စိုက်ဧက ဒသမ ၀၄ ဧကရှိ စိုက်ခင်းအား မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီဌာနက ကြီးမှူး၍ မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ကျင်းပသည်။

 

အဆိုပါ ရိတ်သိမ်းပွဲသို့ ဖျာပုံခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသောင်းနိုင်ဦးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်စိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး မိုးဦးကာလ စိုက်ပျိုးထားသော ပေါ်ဆန်းရင်စပါး (သင့်-ကိုယ်စားပြု)စံကွက်အား ဒေသခံတောင်သူများနှင့် စုပေါင်းရိတ်သိမ်းခဲ့ရာ စပါး ၁ ဧက ၅၄ ဒဿမ ၁၃တင်း ထွက်ရှိကြောင်း မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

 

အေဇာလင်း(ပြန်/ဆက်)