ပခုက္ကူ   နိုဝင်ဘာ   ၂၃

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (RCC) နှစ်ထပ် သင်တန်း ခန်းမဆောင်အဆောက်အဦတည်ဆောက်မှုလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၄ ရက်မှစတင်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းဝင်းတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုငွေကျပ် ၁၅၁ သန်း ကျော်ဖြင့် အလျား ပေ ၈၀ ၊ အနံ ၃၆ ပေ၊ အမြင့် ၂၄ ပေရှိသည့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (RCC) နှစ်ထပ်သင်တန်းခန်းမ ဆောင်အဆောက်အဦကို Best Synergy Construction ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ရာ ယခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း၊ နှစ်ထပ်သင်တန်းခန်းမဆောင်အဆောက်အဦတွင် အခန်းပေါင်း ခန်းပါဝင်ပြီး အလျား ပေ ၃၀ အနံ ပေ ၃၀ အမြင့် ၁၂ ပေ အကျယ်အဝန်းရှိသည့် စာသင်ခန်း ခန်း၊ အလျား ပေ ၂၀၊ အနံ ပေ ၃၀ အမြင့် ၁၂ပေ အကျယ်အဝန်းရှိသည့် စာသင်ခန်း ခန်းနှင့် ရေလောင်းအိမ်သာ ၆ ခန်း ပါဝင်ကြောင်း အဆောက်အဦတည်ဆောက်ရေးလုပ်ငန်း တာဝန်ခံအင်ဂျင်နီယာ ဒေါ်ယမင်းသိင်္ဂီထံက  သိရသည်။

 

အလားတူ ပခုက္ကူမြို့နယ် ကွန်းရွာကျေးရွာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ အနီးကြီးကြပ်မှုဖြင့် အလျား ပေ ၇၀ ၊ အနံ ပေ ၆၀ ရှိသည့် ဘက်စုံသုံးမုန်တိုင်းဘေးဒဏ်ခံအဆောက်အဦကိုလည်း ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှ စတင်တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း၊  အဆိုပါ အအောက်အဦ တည်ဆောက်မှုပြီးစီးခြင်းကြောင့် ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာအုပ်စုအတွင်းရှိ ဧရာဝတီမြစ်ကမ်းနံဘေးနှင့် ရေပေါ်ကျွန်းကျေးရွာများဖြစ်သည့် ခြောက်ဦးသား၊ ကျွန်းပုလု၊ မြင်းကျွန်း၊ လက်ပံကျွန်းကျေးရွာတို့တွင် ဧရာဝတီမြစ်ရေကြီးပြီး မြစ်ကမ်းပါးပြိုကျခြင်း၊ ရေဝင်ရောက်ခြင်းနှင့် အခြားသဘာဝဘေးအန္တရာယ်များကြုံတွေ့လာပါက ဘေးကင်းလုံခြုံစွာပြောင်းရွှေ့နေထိုင်နိုင်မည်ဖြစ်ကြောင်း ၎င်းထံက ထပ်မံသိရှိရသည်။

 

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)