ဘားအံ နိုဝင်ဘာ   ၂၃

ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးစိုးလွင်သည် ဘားအံမြို့နယ် အမှတ်(၇) ရပ်ကွက် အထက(ခွဲ)-၂ ကျောင်းခန်းမတွင် ယနေ့နံနက် (၁၀) နာရီကကျင်းပ ပြုလုပ်သည့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြား ပေးအပ်ခြင်း အခမ်း အနား တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြုပေးမှုအကြောင်း ရှင်းလင်းဆွေးနွေးပြီး ဘားအံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံခရိုင် ဦးစီးမှူးရုံးမှ  ဒုတိယညွှန်ကြားရေးမှူး ဦးမင်းနောင်က ဘားအံခရိုင်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးနေမှုအခြေအနေများ ၊ နိုင်ငံသားကတ် အသုံးဝင်ပုံများကို  ရှင်းလင်းဆွေးနွေးပြီးနောက် ပြည်နယ်ဝန်ကြီးအဖွဲ့သည် နိုင်ငံသားစိစစ်ရေးကတ်ပြားများ  အခမဲ့ ပြုလုပ်ပေးနေမှုများကို အားပေးကြည့်ရှုခဲ့သည်။

ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်နှင့် အိမ်ထောင်စု စာရင်းများကို ဆောင်ရွက်ပေးခဲ့ရာတွင် နိုင်ငံသားစိစစ်ရေးကတ် (၂၈၀၉၄) ခုနှင့် အိမ်ထောင်စုစာရင်း (၃၈၁၅) ခု ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်းသိရှိရသည်။

ခရိုင် ပြန်/ဆက်