ကျောက်တလုံးကြီး   နိုဝင်ဘာ  ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာအုပ်စု၊ ထီနဲကျေးရွာနှင့် ထီတမောင်းကျေးရွာရှိ ပြည်သူများအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိစစ်ဆေးခြင်းနှင့် ဆေးထိုး အကျုံးဝင်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ထီနဲဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ကျောက်တလုံးကြီးမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းနှင့် ဟမ်းဆီးကျေးလက် ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက နောင်ခဲကျေးရွာအုပ်စု၊ ထီနဲကျေးရွာနှင့် ထီတမောင်းကျေးရွာတို့မှ ပြည်သူ ၈၃ ဦးအား RDT Test Kit ဖြင့် စစ်ဆေးပေးရာ ရောဂါပိုးရှိသူ တစ်ဦး တွေ့ရှိခဲ့ပြီး ရောဂါပိုးမရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြဝင်း(ကျောက်တလုံးကြီး)