ရပ်စောက် နိုဝင်ဘာ ၂၄

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီက ဟွေးကျေးရွာအုပ်စု၊ ရေဖြူကျေးရွာနှင့် လွယ်ဟောင်ကျေးရွာများသို့ သွားရောက်၍ ပလောင်/မြန်မာ ဘာသာစကား နှစ်မျိုးဖြင့် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစားစောင်များ အခမဲ့ဖြန့်ဝေခြင်းကို တာဝန်ရှိသူများက  ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပူးပေါင်း၍ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း (MasK)ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြပါရန်၊ လက်ကိုဆပ်ပြာဖြင့် မကြာခဏ ဆေးကြောကြပါရန်၊ လူစုလူဝေးများကို ရှောင်ရှားကြပါရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်၍ ဆေးကုသမှုခံယူကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလမ်းညွှန်ချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ပြီး  ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြပြီး အသိပညာပေးလက်ကမ်း စာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 

ရဲထက်ဦး (ပြန်/ဆက်)