ဟင်္သာတ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့ အ.ထ.က(၁) ဟင်္သာခန်းမ ဆေးထိုးစုရပ်တွင် ယနေ့နံနက် ၈ နာရီက အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အသက်(၁၂)အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များက ကာကွယ်ဆေးထိုးခြင်း၊ DataBase စာရင်းထည့်သွင်းခြင်းတို့အား စနစ်တကျကြီးကြပ်၍ ဆေးထိုးစုရပ် (၈)ခုတို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
အ.ထ.က(၁)ကျောင်း ဆေးထိုးစုရပ်တွင် မြို့ပေါ်ကျောင်များ၊ (ဘက)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ သက်ဆိုင်ရာ နယ်ကျောင်းစုရပ်များတွင် သတ်မှတ်နယ်မြေများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများကို (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး နိုဝင်ဘာ ၂၃ ရက်အထိ အထက်တန်းအဆင့် ၃၈၉၁ ဦး၊ အလယ်တန်းဆင့် ၈၈၃၁ ဦး စုစုပေါင်း ၁၂၇၂၂ ဦးတို့အား ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးဦးလှမြင့်ထံမှ သိရှိရသည်။
ကိုဇော်-ဟင်္သာတ


