နတ်မောက် နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် လေးအိမ်ကျေးရွာတွင် ဝါမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက သွားရောက်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ နတ်မောက်မြို့နယ်ရှိ ဝါစိုက်ပျိုးသော ကျေးရွာအုပ်စုများမှ အကျိုးဆောင်တောင်သူ ၃၀ တက်ရောက်ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုနှင့် ဝန်ထမ်းများက ဝါမျိုးတစ်စုချင်းအလိုက် အရည်အသွေး လက္ခဏာများ၊ အားသာချက်၊ အားနည်းချက်များကို ပညာပေးဆွေးနွေးပြောကြားသည်။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဝါစိုက်တောင်သူများ မိမိဒေသရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိပြီး ပိုးမွှား ရောဂါဒဏ်ခံနိုင်၍ အထွက်နှုန်းကောင်းသော ချည်မျှဉ်ရှည်ဝါမျိုးသစ်များကို ကိုယ်တိုင်လက်တွေ့လေ့လာပြီး စိုက်ပျိုးနိုင်စေရန် ချည်မျှဉ် ရှည်ဝါ မျိုးသစ် လေးမျိုးဖြစ်သည့် ရွှေတောင်(၈)၊ ရွှေတောင်(၁၀)၊ ငွေချည်(၉)၊ ငွေချည်(၁၁) မျိုးကွဲ လေးမျိူးအား ယှဉ်ပြိုင်စိုက်ပျိုး၍ လေ့လာပညာပေးနိုင်ရန်အတွက် တောင်သူပညာပေး စံပြကွက် ၂ ဧက စိုက်ပျိုးထားကြောင်း ဖြစ်ကြောင်း သိရသည်။
သင်းသင်းမြတ်(နတ်မောက်)


