ပန်းတနော် နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား အစိုးရဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို နိုဝင်ဘာ ၂၂ ရက်မှစတင်၍ ထုတ်ပေးလျက်ရှိသည်။
ပန်းတနော်မြို့နယ်ရှိ ပင်စင်စားများ ပင်စင်လစာငွေများ လာရောက်ထုတ်ယူရာတွင် အဆင်ပြေစေရေး အတွက် နိုဝင်ဘာ ၂၂ ရက်မှ ၂၉ ရက်အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ပင်စင်ငွေများကို ထုတ်ပေးလျက်ရှိသည်။ သတ်မှတ်ရက်များ၌ လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအနေဖြင့် ဒီဇင်ဘာလဆန်ပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း လာရောက်ထုတ်ယူနိုင်ပြီး ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ ၁၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


