ဆွမ်ပရာဘွမ် နိုဝင်ဘာ ၂၄
ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့ နံနက် ၉ နာရီက မြို့ပေါ်လမ်းဆုံများ၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့လာသော (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဂျေအားနာနှင့် ဝန်ထမ်းများက အထကကျောင်းလမ်းဆုံ၊ စည်ပင်စျေး၊ လူအများ သွားလာ လှုပ်ရှားသောနေရာများ၊ လမ်းဆုံ၊ လမ်းခွများတွင် ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ မျိုးချစ် စိတ်ဓာတ်ရှင်သန် ဇာတိမာန်၊ အမျိုးသားပညာရေး၊ ဘုန်းရှင့်မြန်မာတို့မြန်မာကဗျာ၊ အမျိုး သားအောင်ပွဲနေ့၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသား ကြီး (၁၁)ဦး၏ အမည်များ၊ အေးအတူပူအမျှ၊ ပညာရေးကဏ္ဍသည်အရေးကြီးသည်၊ အမျိုးသားရေး စိတ်ဓာတ် စသည့်အကြောင်းအရာများပါဝင်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟင်နရီမီးကိုဆာ (ဆွမ်ပရာဘွမ်)


