နေပြည်တော် နိုဝင်ဘာ ၂၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်ပွဲကို ပြည်စံအောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစန်းလွင်နှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ် ၃၅ ကတ်ကို ပြည်စံအောင်ရပ်ကွက်ရှိ ပြည်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


