မိတ္ထီလာ   နိုဝင်ဘာ   ၂၄

 

မိတ္ထီလာမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးတက်ကောင်းမွန်စေရေး ၁၁ ကေဗွီဓာတ်အားလိုင်း ၁၂ ဒသမ ၅ မိုင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

 

မိတ္ထီလာမြို့နယ်အတွင်း၌ လျှပ်စစ်ဓာတ်အား တိုးတက်ကောင်းမွန်စေရေး အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သည့် Golden Future Linkage Co;Ltd မှ တာဝန်ယူပြီး အောက်တိုဘာ ၁၁ ရက်မှစတင်၍ မြို့နယ်အတွင်းရှိ ငဆက္ကန်မှ ညောင်ကုန်း ၁၁ ကေဗွီ ဓာတ်အားလိုင်း ၄ မိုင်၊ ကမ္ဘာမြှင့်မှ ရောင်လမ်းတိုးဂိတ် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၂ မိုင် ၊ အမတ(၁၇)တပ် အနီး  ၁၁ ကေဗွီ ဓာတ်အားလိုင်း ၂ မိုင် ၊ အင်းကန်မှ အောင်သာ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁ မိုင်၊ ဥယျာဉ်ကုန်းမှ တောင်ဖီလာလမ်းစုံ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁ ဒသမ ၅ မိုင်၊ ခံပင်အိုင့်မှ ထန်းချောက်တော ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁ မိုင်နှင့် ရေထွက်မှ ပျော်ကုန်း ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁ မိုင် တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ  ၁၁ ကေဗွီဓာတ်အားလိုင်း ၁၂ ဒသမ ၅ မိုင် တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးပါက မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး ဒီဇင်ဘာလအကုန်တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)