ရှမ်းရွာသစ်    နိုဝင်ဘာ  ၂၄

 

ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အေးအေးနွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူ့စာကြည့်တိုက်ကို ခေတ္တပိတ်ထားခဲ့ရပြီး ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း လျော့ကျလာသည့်အတွက် စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသားလူငယ်ကလေးငယ်များ အသိပညာဗဟုသုတရရှိရန် ၊ စာကြည့်တိုက်သို့လာရောက်ပြီး စာအုပ် စာပေများကို ဖတ်ရှုသည့်အလေ့အကျင့်ရှိစေရန်၊ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်နှင့် ဉာဏ်ရည် ဉာဏ်သွေးကောင်းမွန်ရန်အတွက် ပြိုင်ပွဲကိုပြုလုပ်ပေးရခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြား ခဲ့သည်။

 

ထို့နောက် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက်ပြုလုပ်ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း(၁၅)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

ရှမ်းရွာသစ်(ပြန်/ဆက်)