အောင်လံ နိုဝင်ဘာ ၂၄

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ စည်ပင်သာယာမြို့မဈေးကြီးနှင့် တစ်ဆက် တည်း မြနန္ဒာဈေး မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ ညနေ့(၃)နာရီက မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင် များမှ စည်ပင်သာယာအမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး၊ အင်ဂျင်နီယာမှူး၊ ဈေးတာဝန်ခံ၊ ဈေးကော်မတီ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အတွက် စစ်ဆေး‌မှုများ ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ စစ်ဆေးမှုများတွင် လက်တွေ့ကျသောမီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ မီးသတ်ယာဉ်အလွယ်တကူ ဝင်ထွက်နိုင်ရေး၊ ရေလုံလောက်စွာ ရရှိရေး၊ ဈေးစည်ပင်ဝန်ထမ်းများနှင့် ဈေးသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ်ပစ္စည်းကိရိယာများ ကျွမ်းကျင်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရေးများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

 

မျိုးသိန်း(ပြန်/ဆက်)