ငဖဲ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုကင်းစင်ပပျောက်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်သိန်းလှိုင် ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ တို့ပူးပေါင်း ကာနှာခေါင်းစည်း (Mask Campaign)ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့အဝင်ဂိတ် နှင့် ပဒါန်းကျေးရွာ လမ်းဆုံတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်၊ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်စိုး၊အဖွဲ့ဝင်-၂ ဦးတင်မောင်အေး နှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျောင်းတွင်းရပ်ကွက်နှင့်ပဒါန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ငဖဲမြို့ အဝင်ဂိတ်နှင့် ပဒါန်းကျေးရွာလမ်းဆုံတို့တွင် ဖြတ်သန်းသွားလာနေကြသော ပြည်သူများအား မြို့နယ်တွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုကင်းစင်ပပျောက်စေရေးအတွက် အိမ်အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (mask)ကို စနစ်တကျ တပ်ဆင်သွားလာ ရန်၊မကြာခဏလက်ကို ဆပ်ပြာနှင့်စင်ကြယ်စွာဆေးကြောရန်၊ ကိုဗစ်-၁၉ကာကွယ်ဆေးမထိုးနှံရသေးပါက ကာကွယ်ဆေးများ ထိုးနှံကြရန်၊ ကာကွယ်ဆေးများထိုးနှံပြီးစီးပါက ဆေးထိုးနှံပြီးစီးကြောင်းအသိအမှတ်ပြု လက်မှတ်ရယူ ထားရန် နှင့် နောင်တွင် ဆေးထိုးနှံပြီးစီးကြောင်းအသိအမှတ်ပြုလက်မှတ်ပြသနိုင်မှသာ မြို့နယ်အတွင်း ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားပြီး နှာခေါင်းစည်း(mask)တပ်ဆင် သွားလာခြင်းမရှိသည့် ငဖဲမြို့နယ်မှပြည်သူ (၃၂)ဦးနှင့် ပဒါန်းကျေးရွာမှ ပြည်သူ (၉၀) s စုစုပေါင်း ပြည်သူ (၁၂၂)ဦးအား တစ်ဦးလျှင် နှာခေါင်းစည်း(mask) ၂ခုနှုန်းပေး၍ ငွေကျပ် တစ်ထောင်နှုန်း ဒဏ်ရိုက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မယု (ငဖဲ)


