ပခုက္ကူ   နိုဝင်ဘာ  ၂၄

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း၌ မြန်မာ့လက်ရက်ထည်များ အပြင် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်းပညာရပ်များကိုပါ နိုဝင်ဘာ ၁၅ ရက်မှစတင်ပြီး ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် ၂၃ ဒသမ ၉ သိန်းကျော်ဖြင့် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်းသင်တန်း ဖွင့်လှစ်ခဲ့ရာ  အခြေခံပညာ အလယ်တန်း အဆင့်ရှိသည့် အမျိုးသမီး သင်တန်းသူ ၂၀ တက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းနည်းပြဆရာမ နှစ်ဦးက နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်းတို့ဖြင့် စနစ်တကျ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ သင်ကြားပေးသည့် ဘာသာရပ်များမှာ ဂျပ်ခုတ်ရန် ချည်လုံးနည်း၊ ဂျပ်ခုတ်ချား ဆွဲနည်း၊ ဂျပ်ခုတ်နှတ်ကောက်နည်း၊ ဂျပ်ခုတ်စင်ပေါ်တွင် အပွင့်ကောက်နည်း၊ ဂျပ်ခုတ်ရက်ခတ်နည်း တို့ဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)