ဒိုက်ဦး၊ နိုဝင်ဘာ ၂၅

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော ပန်းရံလက် သမားသင်တန်းဆင်းပွဲကို    နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီက အဆိုပါ ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ လမ်းညွှန်ချက်ဖြင့်အညီ ကျင်းပခဲ့‌ကြောင်း သိရသည်။

 

         

ရှေ့ဦးစွာ ဒိုက်ဦးမြို့နယ် ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ  မြို့နယ်ဦးစီးမှူး ဒေါ်ဇာကြည်မွန်မှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ထူးချွန်ဆုရရှိသော သင်တန်းသားအား ဆုချီးမြှင့်ပေးအပ်ခြင်းနှင့်  သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

 

       

အဆိုပါသင်တန်းကို ဒိုက်ဦးမြို့နယ်အတွင်းမှ သင်တန်းသား(၂၀)ဖြင့် စာတွေ့လက်တွေ့ ( ၁၅) ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

 

ကိုညို(ကျေးလက်)