မုဒုံ နိုဝင်ဘာ ၂၇
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျေးလက်ဒေသများနှင့် မြို့အနီးအနား ပတ်ဝန်းကျင်တစ်ဝိုက်တွင် ကျောက်ဖရုံသီးနှံ စိုက်ပျိုးတောင်သူများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိကြောင်း သိရသည်။
ကျောက်ဖရုံသီးနှံကို စင်ခံပြီးစိုက်ပျိုးနိုင်သလို၊ မြေလွှတ်ပြီးစိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးပြီးနှစ်လ၊ သုံးလအတွင်း ခူးဆွတ်နိုင်ကြောင်း၊ ကျောက်ဖရုံသီးများကို အသီးအရွယ်အစားလိုက် အသေးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ အကြီးတစ်လုံးလျှင်(၂၀၀၀)ကျပ်ရရှိပြီး မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိကြောင်း မုဒုံမြို့နယ် ကျောက်ဖရုံသီးနှံ စိုက်ပျိုးတောင်သူ တစ်ဦးထံမှ သိရသည်။
မုဒုံမြို့နယ်တွင် ရာဘာစိုက်ပျိုးရေးနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်စိုက်ပျိုးကြပြီး မိသားစု အတွက် စားသုံးနိုင်ရန်နှင့် တစ်ဖက်တစ်လမ်းမှဝင်ငွေရရှိစေရန် ဟင်းသီးဟင်းရွက်များကိုလည်း တောင်သူများမှ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြသည်။
အောင်မျိုးသူ(ပြန်/ဆက်)