လိပ်သို နိုဝင်ဘာ ၂၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ သံမိုးတောင်ကျေးရွာရှိ တောင်သူ ဒေါ်ခင်ခင်ဌေး၏ လယ်ယာမြေ၌ ဆောင်သီးနှံဖြစ်သော ဆင်းပဒေသာ(၄) မြေပဲမျိုးအား စမ်းသပ်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
လိပ်သိုဒေသရှိ ဒေသခံများမှာ ဥယျာဉ်ခြံမြေများ၌ နှစ်ရှည်သီးနှံပင်များကိုသာ အဓိကထားစိုက်ပျိုးကြကာ ဆီထွက်သီးနှံဖြစ်သော မြေပဲကို တောင်ယာများတွင် အနည်းငယ်သာစိုက်ပျိုးကြပြီး မိုးစပါးအပြီး ဆီထွက်သီးနှံများကို စိုက်ပျိုးခြင်းအလေ့အထမရှိကြောင်း သိရသည်။
ယခုနှစ်တွင် မိုးစပါးအပြီး ဆောင်းမြေပဲကို စတင်စမ်းသပ်စိုက်ပျိုးခဲ့ရာ လိပ်သိုမြို့ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးလင်းအောင်နှင့် ဝန်ထမ်းများက စမ်းသပ်စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သော နည်းပညာသွင်းအားစုများကို ကူညီထောက်ပံ့မှုများ လုပ်ဆောင်ပေးခြင်း၊ စိုက်ပျိုးရေးအသိပညာ ဖြန့်ဝေပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး စမ်းသပ်စိုက်ခင်းမှ ရရှိလာမည့်ရလဒ်ကို အခြေခံ၍ လာမည့်နှစ်များတွင် ဒေသတွင်းစားသုံးဆီလိုအပ်မှု ဖြည့်ဆည်းနိုင်ရေး စိုက်ဧကများ တိုးချဲ့စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။
(မြို့ ပြန်/ဆက်)