နတ်မောက်မြို့ရှိ ဗိုလ်ချုပ်နေအိမ်ပြတိုက်အား မီးဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်

နတ်မောက်   နိုဝင်ဘာ   ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်နေအိမ်ပြတိုက်အား နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနတို့မှ တာဝန်ရှိများက ဗိုလ်ချုပ်နေအိမ်ပြတိုက် အတွင်း/အပြင် မီးဘေးကြိုတင် ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများ၊ မီးချိတ်၊ မီးကတ်များနှင့် မီးငြှိမ်းသတ်စက်များ၊ ရေလိုင်းများ၊ လျှပ်စစ်ဝါယာကြိုးများနှင့် လျှပ်စစ်ပလတ်ဘုတ်ခုံများ၊ မိန်းဘုတ်များ၊ မီးသတ်ဆေးဘူးများနှင့် သဲအိတ် ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးဌေးမော်ထံမှ သိရသည်။

သင်းသင်းမြတ်