နေပြည်တော် နိုဝင်ဘာ ၂၈
၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊(၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ကျင်းပရေး ဗဟိုကော်မတီဝင်များဖြစ်ကြသော နေပြည်တော် ကောင်စီဝင်နှင့် အမြဲတမ်းအတွင်းဝန်များ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့်ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ အဆင့်မြင့် ပညာဦးစီးဌာနရှိ တက္ကသိုလ်များမှ ပါမောက္ခ ချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။
ရှေးဦးစွာ ဥဩဘသောင် သီဆိုသော အမျိုးသားနေ့ သီချင်းဖြင့် ဂုဏ်ပြုတင်ဆက်သည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က ဖတ်ကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီး ဌာနက စီစဉ်ရိုက်ကူးသည့် မြန်မာ့ကျောင်းသီချင်းဗီဒီယိုကို ပြသကာ အခမ်းအနားကို ရုတ်သိမ်း လိုက်ကြောင်း သိရသည်။
(သတင်းစဉ်)