မိုင်းခတ် နိုဝင်ဘာ ၂၉

 

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)မိုင်းခတ်မြို့နယ်တွင် ယမန်​နေ့နံနက်ပိုင်းက သက်ဆိုင်ရာပူး​ပေါင်းအဖွဲ့က မြို့မ​စျေးရှိ​​စျေး​ရောင်း၊ ​စျေးဝယ်များ၊ ပျံကျ​စျေးသည်များ၊​ စျေးဝယ်သူများနှင့် မြို့တွင်းဝင်/ထွက် သွားလာသူများအား ကိုဗစ်-၁၉​ရောဂါ ရှိ/မရှိ RDT test kit ဖြင့် စစ်​ဆေးရာကိုဗစ်-၁၉​​ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဌ ဦးမြင့်စိုးနှင့် ​ကော်မတီဝင်များ၊ တာဝန်ရှိ ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေး‌ဦးစီးဌာနမှကျန်းမာရေး‌‌ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ မိုင်းခတ်မေတ္တာ လူမှုကူညီရေး အသင်းမှအဖွဲ့ဝင်များက ​စျေး​ရောင်း၊ ​စျေးဝယ်များ၊ မြို့တွင်း ဝင်ထွက်သွားလာ​နေသူ(၅၃)ဦးကို RDT Test Kitဖြင့် (အခမဲ့)စစ်​ဆေး​ပေးခဲ့ရာ ​ရောဂါပိုး​မ​တွေ့​ရှိ​ကြောင်း သိရသည်။

 

မိုင်းခတ်မြို့နယ်တွင် ဇူလိုင်လ ၁၃ ရက်မှ နိုဝင်ဘာ ၂၈ရက်အထိ ကိုဗစ်-၁ရောဂါ အတည်ပြု လူနာ(၁၄၉)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ(၅၆)ဦး၊ ဆေးကုသမှုခံယူနေသူ(၉၃)ဦး ကျန်ရှိကြောင်း သိရသည်။

 

မြို့နယ်ပြန်ဆက်