ကျိုင်းတုံ နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အဆင့်မြင့်ရှာဖွယ်ကယ်ဆယ်ရေး(ဆင့်ပွား) သင်တန်းကို နိုဝင်ဘာ ၂၉ ရက် နံနက် ၈ နာရီက ခရိုင်မီးသတ်ရုံး၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်သူက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြများက အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ အကြောင်းအရာများကို စာတွေ့ လက်တွ့ သင်ကြားပို့ချသည်။
သင်တန်းတွင် ခေတ်မီ မီးငြိမ်းသတ်ရေး ပစ္စည်းကိရိယာများ အသုံးပြုနည်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဉပဒေ/နည်းဉပဒေများ၊ ကျောလွယ်(HNE) ကိုင်တွယ်ထိန်းသိမ်းနည်းနှင့် အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ သင်ခန်းစာများကို နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁၀ ရက်ထိ ပို့ချသင်ကြားပေးသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား ၃၅ ဦး တက်ရောက်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)