ကော့ကရိတ် နိုဝင်ဘာ ၂၉

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်၊ (၆)လ ဘတ်ဂျက်တွင် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်သည့် ထို့ကော်ကိုး ငြိမ်းချမ်းရေး နယ်မြေအတွင်း သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ဂါလန် ၁၀၀၀၀ ဆံ့ ရေအုတ်ကန် တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းအချိန်က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကော့ကရိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်ဝင်းနှင့်  မြို့နယ်တာဝန်ရှိသူများက ရေပေးရေးကော်မတီဝင်များနှင့်အတူ ထို့ကော်ကိုး ငြိမ်းချမ်းရေးနယ်မြေအတွင်း သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ဂါလန် ၁၀၀၀၀ ဆံ့ ရေအုတ်ကန် တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့ စစ်ဆေးပြီး လိုအပ်သည်များကို  ဆွေးနွေးမှာကြားပါသည်။

 

အဆိုပါ ထို့ကော်ကိုးငြိမ်းချမ်းရေးနယ်မြေအတွင်း သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ဂါလန် ၁၀၀၀၀ ဆံ့ ရေအုတ်ကန် အလျား ၂၄ ပေ၊ အကျယ် ၁၆ ပေ၊ အမြင့် ၅ ပေတည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်း ၂လက်မ PVC ရေပိုက် ပေ ၅၂၈၀ သွယ်တန်းခြင်းလုပ်ငန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ ၁၉ဒသမ၂၆ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ယခုအခါလုပ်ငန်းအားလုံး၏ ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကော့ကရိတ်ခရိုင်ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်ဝင်းက ပြောပြသည်။

 

စိုးမိုးကျော်