ဇလွန် နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သောမတ်ပဲမျိုးစေ့ချကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် မေရီလန်း ကျေးရွာအုပ်စု တောင်သူဦးဖိုးချို၏လယ်တွင်ကျင်းပပြုလုပ်ခဲ့သည်။
မတ်ပဲမျိုးစေ့ချစက်ဖြင့်စိုက်ပျိုးခြင်းဖြင့် မျိုးစေ့နှုန်းထားအကုန်သက်သာခြင်း ၊ လယ်ယာလုပ်သား ရှားပါးမှုပြဿနာ ဖြေရှင်းပေးနိုင်ခြင်း၊ အတန်းချစိုက်ပျိုးခြင်းဖြင့် ပိုးမွှားရောဂါ ကျရောက်မှုသက်သာစေပြီး တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးနိုင်ကျော်စိုးနှင့် စက်မှုလယ်ယာဦးစီးအရာရှိ ဦးဌေးတို့မှ တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့များအား ပေးအပ်ခဲ့သည်။
ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော မတ်ပဲမျိုးစေ့ချ ကွင်းသရုပ်ပြပွဲသို့ ဟင်္သာတခရိုင် စိုက်ပျိုးရေးဦးစီးမှူး ၊ ဟင်္သာတခရိုင် စက်မှုလယ်ယာဦးစီးမှူး ၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေယံ - ဇလွန် (ပြန် / ဆက်)