ပင်လောင်း နိုဝင်ဘာ ၃၀
မြန်မာနိုင်ငံတစ်၀န်းလုံးတွင် နို၀င်ဘာလ ၁ ရက်နေ့မှစတင်၍ အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ခွင့်ရရှိခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားကူးစက်မှုမြင့်မားသော မြို့နယ်(၄၆)မြို့နယ်၌ စာသင်ကျောင်းများ ယာယီပိတ်ထားခြင်း အစီအစဉ်တွင် ပင်လောင်းမြို့နယ် ပါဝင်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ပညာရေးမှူးရုံး၏ နို၀င်ဘာလ ၂၉ ရက်နေ့ထုတ် စာအရ ပင်လောင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းများကို နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းမှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ရာ အခြေခံပညာ အထက်တန်းကျောင်း(၁၄)ကျောင်း၊ အခြေခံပညာ အထက်တန်း ကျောင်းခွဲ(၈)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၃၃)ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲ(၁၉)ကျောင်း၊ အခြေခံပညာမူလွန်ကျောင်း(၂၉)ကျောင်း၊ အခြေခံပညာမူလတန်း ကျောင်း (၁၇၂)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ(၆)ကျောင်းရှိပြီး ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ကြားချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။
ထွန်းလင်း(ပင်လောင်း)