ကန်ကြီးထောင့်     ဒီဇင်ဘာ      ၂

ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုအနေဖြင့် ရပ်တည်နိုင် စေရန် ရည်ရွယ်၍ ပုသိမ်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ကန်ကြီးထောင့်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဆိုင်ကယ်စက်ပြင်သင်တန်း ဖွင့်ပွဲအား ယနေ့နံနက်၁၀နာရီက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါဆိုင်ကယ်စက်ပြင်သင်တန်းတွင် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား၂၂ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၂ ရက်မှ ၂၂ ရက် အထိဖြစ်သည်။

လှမင်းထွဋ်(ပြန်/ဆက်)