လဟယ်   ဒီဇင်ဘာ   ၂

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက လဟယ်မြို့အထက်တန်းကျောင်း ဇေယျာသီရိကျောင်းဆောင်တွင် ပြုလုပ်သည်။

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြား‌နေသည့် လဟယ်မြို့ အထက်တန်းကျောင်းရှိ မူလတန်း၊ အလယ်တန်း၊ အထက်‌တန်း ကျောင်းသား ကျောင်းသူ စုစုပေါင်း (၈၂၀)တို့ကို ဒီဇင်ဘာ(၂)မှ ဒီဇင်ဘာ(၃)ရက်အထိ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပါမင်းလိုင်(လဟယ်)