မြန်အောင် ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ (ဘက)မူလွန်ရွှေကျောင်းနှင့်(ဘက)မူလွန်ရှားတောတာခွ ကျောင်းတို့မှ အသက်(၁၂)နှစ်အထက် ကိုရင်၊ ကျောင်းသား၊ ကျောင်းသူများကို မြန်အောင်မြို့ ပရဟိတမြို့ ရွှေကျောင်းတိုက်တွင် ယနေ့နံနက်က ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ကာကွယ်ဆေးထိုးရာတွင် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ ပညာရေးဌာနမှဆရာဆရာမများက ကူညီဆောင်ရွက်ပေးပြီး DataBase စာရင်းထည့်သွင်းခြင်းအား စနစ်တကျ ဆောင်ရွက်၍ (ဘက)မူလွန်မြို့ရွှေကျောင်းနှင့် (ဘက)မူလွန် ရှားတောတာခွကျောင်းတို့မှ အသက်၁၂ နှစ်မှ ၁၈နှစ်ကြား ကိုရင်၊ ကျောင်းသား/သူ ကျား (၅၃)ဦး၊မ(၈)ဦး စုစုပေါင်း (၆၁)ဦးတို့အား ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
၁-၁၂-၂၀၂၁ နေ့အထိ မြန်အောင်မြို့နယ်အတွင်းရှိအခြေခံပညာအလယ်တန်း၊ အထက်တန်းနှင့် (ဘက)မူလွန်ကျောင်းတို့တွင် ပညာသင်ယူလျက်ရှိသော အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၄၇၅၉)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
ဝင်းဗိုလ် မြန်အောင်