နေပြည်တော်   ဒီဇင်ဘာ  

 

နေပြည်တော်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၂၀၂၁-၂၁၂၂ ခု ဘဏ္ဍာနှစ် ()လအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း(VDP) ကျေးရွာသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းကို ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

 

ရန်ပုံငွေ လွှဲပြောင်းပေးအပ်ရာတွင် နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမျိုး၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းတို့က မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများတွင် အကျိုးကျေးဇူးခံစားရမည့် အကြောင်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး ညွှန်ကြားရေးမှူးနှင့်အတူ ဥတ္တရခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအွမ်တန်ဟုန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနိုင်လင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင် ကျေးရွာ နှစ်ရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP)ဝင် ကျေးရွာ ကိုးရွာမှ ကျေးရွာတာဝန်ခံများအား ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

တင်စိုးလွင်