ပြည်   ဒီဇင်ဘာ  

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အတွင်း ဖြတ်သန်းသွားလာလျက်ရှိသော အိမ်စီးကားများအပါ အဝင် လုပ်ငန်းသုံးမော်တော်ယာဉ်များ၊ သုံးဘီးယာဉ်များနှင့် မော်တော်ဆိုင်ကယ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ မော်တော်ယာဉ် မှတ်ပုံတင်ထားခြင်း ရှိ/မရှိနှင့် နံပါတ်ပြားများ တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦး ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ရွှေဆံတော်ဘုရားအနီး မြို့မရဲစခန်းရှေ့ ဗိုလ်ချုပ်လမ်းမပေါ်၌ စစ်ဆေးဆောင်ရွက်ခဲ့သည်။

 

ယင်းသို့ စစ်ဆေးဆောင်ရွက်ရာတွင် မော်တော်ယာဉ် မှတ်ပုံတင်ထားခြင်းမရှိသည့် (လိုင်စင်မဲ့) မော်တော်ဆိုင်ကယ် နှစ်စီး၊ မော်တော်ယာဉ်နံပါတ်ပြား တပ်ဆင်မထားသည့် သုံးဘီးယာဉ် သုံးစီးနှင့် မော်တော်ဆိုင်ကယ် ငါးစီးတို့အား စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် ၎င်းတို့အား လိုအပ်သည့် အရေးယူမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြည်မြို့ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူထံမှ သိရသည်။

 

ခရိုင်(ပြန်/ဆက်)