သီပေါ ဒီဇင်ဘာ ၂         

           

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ဆွန်လုံ၊ ဟာလျံနှင့် ချောင်းဆုံ ကျေးရွာများရှိ တိုက်ပွဲရှောင်ပြည်သူများအား မန္တလေးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ လှူဒါန်းသော အခြေခံစားသောက်ကုန်၊ အဝတ်အထည်နှင့် အလှူငွေများကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါ ကျေးရွာများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

           

ထိုသို့လှူဒါန်းရာတွင် မန္တလေးရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဆွန်လုံ၊ ချောင်းဆုံ၊ ဟာလျံ စသည့် ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၅၀)စုတွက်   ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကြက်သွန်နီ စသည့် အခြေခံစားသောက်ကုန်များ၊ စောင်၊ မုန့်နှင့် အလှူငွေများကို လှူဒါန်းရာ သီပေါမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ပူးပေါင်းကူညီလှူဒါန်းပေးခဲ့ကြောင်း သိရသည်။             

           

ခင်လေး(သီပေါ၊ပြန်/ဆက်)