သုံးခွ   ဒီဇင်ဘာ   ၂

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်၊ စပါးကုန်သည်များအသင်းနှင့် မြို့နယ် စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ၀ယ်ယူ နိုင်ရန် ဆိတ်သား၊ အမဲသား၊ ဆန်၊ ဆီ၊ ကြက်ဥ စသည့် စားသောက်ကုန်ပစ္စည်းများကို ဈေးကားများဖြင့် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက သုံးခွမြို့မဈေး အနောက်ဘက် ရှင်စောပုလမ်းတွင် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။

 

ရောင်းချရာတွင် အမဲသား တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ဆိတ်သား တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ဆီ ၅၀ သား တစ်ဘူးကို ၁၈၅၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ပေါ်ဆန်းမွှေးဆန် တစ်ပြည်လျှင် ၁၇၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း ကြက်ဥ ၁၀ လုံး တစ်ကတ်လျှင် ၁၃၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း ရွေ့လျားမော်တော်ယာဉ် သုံးစီးဖြင့် ရောင်းချပေးခြင်း ဖြစ်သည်။

 

အဆိုပါဈေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခိုင်ကြည်သာလှနှင့် စည်ပင်ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

စည်သူလင်း(ပြန်/ဆက်)