နေပြည်တော် ဒီဇင်ဘာ ၂

 

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်(တာဝန်ခံ) ညွှန်ကြားရေးမှူးများ၏ ၂၀၂၁ ခုနှစ်၊ ဇွန်လမှ နိုဝင်ဘာလအထိ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (/၂၀၂၁)ကို ဒီဇင်ဘာ ရက်နှင့် ရက်တို့တွင်  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး(နေပြည်တော်) စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းများနှင့် အညီ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

ဆွေးနွေးပွဲ ပထမနေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးသည် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပုဒ်မ-၁၁ (က၊ခ)အရ ဘဏ္ဍာရေး စာရင်းစစ်ဆေးခြင်းဖြစ်သည့် နိုင်ငံတော်၏ အရအသုံးခန့်မှန်းခြေငွေစာရင်း အကောင်အထည်ဖော်ဆောင်ရွက်မှုစစ်ဆေးခြင်းကို အဓိကထား စစ်ဆေးလျက်ရှိသည့်အပြင် ဉပဒေပုဒ်မ-၁၁ (ဂ၊ဃ၊င)အရ အစိုးရဌာနအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံနှင့် ဖွဲ့စည်းပုံအင်အားတို့သည် လုပ်ငန်းတာဝန်နှင့် လျော်ကန်မျှတမှု၊ ဝန်ထမ်းခန့်ထားမှုသည် ခွင့်ပြုအင်အား အတွင်း ရှိ/မရှိ၊ ပုဒ်မ-၁၁()အရ  တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းအရ သတ်မှတ်ထားသည့် စာရင်းထား သိုပုံနည်းစနစ်နှင့်အညီ ကျင့်သုံးခြင်းရှိ/မရှိ စသည့် ဉပဒေ ပုဒ်မ-၁၁(က မှ ရ)အထိ ပြဋ္ဌာန်းချက် (၂၇) ချက်နှင့် အညီ စစ်ဆေးဆောင်ရွက်လျက်ရှိပြီးတိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများသည်လည်း ပုဒ်မ-၂၅(ကမှဋ)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း။

 

နိုင်ငံတော်၏ ရရန်ရှိများနစ်နာမှုမရှိစေရေးနှင့် ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး တို့အတွက် မသမာမှုများ၊ အလွဲသုံးစားမှုများ၊ စည်းမျဉ်းမကျနမှုများ၊ လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှုအားနည်းခြင်းကြောင့် အချိန်မီမပြီးစီးမှုများနှင့် လုပ်ငန်းပြန်လည်အပ်နှံမှုများကို နိုင်ငံတကာ စာရင်းစစ်စံများနှင့်အညီ စစ်ဆေးဖော်ထုတ်ခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက်များကို အစီရင်ခံစာ ထုတ်ပြန်တင်ပြရမည်ဖြစ်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး(ရုံးချုပ်)၏ စစ်ဆေးတွေ့ရှိချက်များကို အတွဲ(၁) အနေဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများ၏ စစ်ဆေးတွေ့ရှိချက်များကို သက်ဆိုင်ရာ အစီရင်ခံစာများပူးတွဲ၍ အတွဲ(၂)အနေဖြင့်လည်းကောင်း တင်ပြသွားမည်ဖြစ်သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာများကို အချိန်မီတင်ပြရန်လိုအပ်ပါကြောင်း၊ အစီရင်ခံစာ ရေးသားရာတွင် စစ်ဆေးရမည့်အဖွဲ့အစည်းများက တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် လိုက်နာဆောင်ရွက်နိုင်စေ ရေးအတွက် စစ်ဆေးတွေ့ရှိချက်များကို ခိုင်လုံသည့်အထောက်အထားများဖြင့် သက်ဆိုင်ရာတာဝန်ရှိသူအား ဖော်ထုတ်၍ ရှင်းလင်းတိကျစွာရေးသားတင်ပြရန် လိုအပ်ကြောင်းပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာကြသော ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ တာဝန်ခံညွှန်ကြားရေးမှူးများက စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်းများ၊ ဝန်ထမ်းအင်အားအခြေအနေများ၊ ကြုံတွေ့နေရသည့် အခက်အခဲ များနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များကို တင်ပြဆွေးနွေးကြသည်။

 

ယနေ့တွင် ဆွေးနွေးပွဲဒုတိယနေ့ကို ဆက်လက်ကျင်းပရာ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်၊ မြန်မာနိုင်ငံစာရင်းကောင်စီနှင့် နေပြည်တော် စာရင်းစစ်ရုံးတို့က တင်ပြဆွေးနွေးကြသည်။

 

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး(ရုံးချုပ်)ရှိ စစ်ဆေးရေးဌာနခွဲ ညွှန်ကြားရေးမှူးများက စစ်ဆေးရေး ဆိုင်ရာများကို တင်ပြကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များ (စစ်ဆေးရေး)နှင့် ညွှန်ကြားရေး မှူးချုပ်(စစ်ဆေးရေး)တို့က စစ်ဆေးရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအပေါ် ရှင်းလင်းဆွေးနွေးကြသည်။

 

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/သုတေသန)က စီမံနှင့်ဝန်ထမ်းရေးရာ ကိစ္စရပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်က e-government နှင့် IT ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ အမြဲတမ်း အတွင်းဝန်က စစ်ဆေးရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)