ကော့သောင်း ဒီဇင်ဘာ ၃
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်လျှက်ရှိရာ တနင်္သာရီတိုင်းဒေကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကမ်းတောကျေးရွာတွင် Mega Gobal Green ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး လျှက်ရှိသည့်လုပ်ငန်းခွင်သို့ ကော့သောင်းခရိုင်နှင့်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ ဒီဇင်ဘာ ၂ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ကော့သောင်းခရိုင်၊ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှူး ဦးစိုးဝေ၊ မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်နှင့် တာဝန်ရှိသူများ သည် ကမ်းတောကျေးရွာ မီးလင်းရေးကော်မတီဝင်များ၊အသေးစားစက်မှုလုပ်ငန်းရှင်များ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အဆိုပါ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ရေရှည် တည်တံ့ရေးနှင့် ကျေးလက်ပြည်သူများလျှပ်စစ်ဓာတ်အားသုံးစွဲရာတွင်အဆင်ပြေချောမွေ့စေရေး ညှိနှိုင်ဆွေးနွေးခဲ့ကြသည်။
အဆိုပါကမ်းတောကျေးရွာသည် ပင်လယ်ကျွန်းရွာတစ်ရွာဖြစ်ပြီး ကျေးရွာပြည်သူများမှာ ယခင်ကာလများက ပုဂ္ဂလိကမီးစက်မှ လျှပ်စစ်ဓာတ်အားသုံးစွဲနေခဲ့ရာမှ ယခုအခါဆိုလာစနစ်ဖြင့်လျှပ်စစ်ဓာတ်အား (၂၄)နာရီ သုံးစွဲခွင့်ရရှိကြပြီဖြစ်ရာ ယခင်က ထက်ဓာတ်အားခ ကုန်ကျမှုစရိတ်သက်သာလျှက်ရှိကြောင်း၊ အဆိုပါမီးလင်းရေး စနစ်သည် ကမ္ဘာဘဏ်အကူအညီဖြင့် ဦးစီးဌာနနှင့်ကျေးရွာပြည်သူများပူးပေါင်းဆောင်ရွက် ကြခြင်းဖြစ်ကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)