သရက် ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝင်းရှိန် တို့လိုက်ပါ၍ ဒီဇင်ဘာ ၂ ရက်နေ့ နံနက် ၁၁ နာရီက သရက်မြို့၌ (Oxygen Plant) စက်ရုံအဆောက်အဦနှင့် (Transformer) တို့အား လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား တက် ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည်သရက်ခရိုင်ပြည်သူ့ဆေးရုံအတွင်းရှိ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့်လှူဒါန်းသည့် (Oxygen Plant) စက်ရုံအဆောက်အဦနှင့် (Transformer) တို့အား လွှဲပြောင်းပေး အပ်ခြင်း အခမ်းအနားသို့ တက်ရောက်၍ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ခရိုင်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာညွန့်ရွှေအောင်ထံသို့ (Oxygen Plant) အဆောက်အဦနှင့် (Transformer) တို့အား လွှဲပြောင်းပေးအပ်ခဲ့ရာ ခရိုင်ကုသရေးဦးစီးဌာနမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
သရက်မြို့တွင် စတင်လည်ပတ်လျက်ရှိသည့် (Oxygen Plant) စက်ရုံကို ဩဂုတ် ၁၃ရက်တွင် စတင် မြေနေရာ ရွေးချယ်၍ ပန္နက်ရိုက်မင်္ဂလာပြုလုပ်တည်ဆောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်နေ့တွင် စက်ရောက်ရှိ တပ်ဆင်ကာ အောက်တိုဘာ ၂၈ ရက်တွင် အောက်ဆီဂျင်စက်ရုံမှ တစ်ရက်လျှင် (၄၀) လီတာ ဆံ့ အောက်ဆီဂျင်အိုး (၁၀၀) ထုတ်လုပ်ပေးနိုင်ခဲ့ပြီး မြို့နယ်တွင်းရှိပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ် အောက်ဆီဂျင် လိုအပ်မှုကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီဖြစ်ကြောင်းနှင့် စက်ရုံ၏ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဗူးများထားရှိပြီး အန္တရာယ်ရှိအမှတ်အသားများ ချိတ်ဆွဲမှုထားရှိ၍ သတ်မှတ် စည်းကမ်းများနှင့်အညီဆောင်ရွက်ထားရှိကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (Oxygen Plant) အဆောက်အဦအတွင်း စက်ရုံတည်ဆောက် ထားရှိမှုနှင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်မှု မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည် များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)