မိတ္ထီလာ၊ ဒီဇင်ဘာ ၃
မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆောက်လုပ်လျက်ရှိသော ကျောင်းဆောင်သစ် ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာ ထံက သိရသည်။
မိတ္ထိလာမြို့ စျေးအရှေ့ပြင်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၁၀၀.၈ သန်း နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၉၈.၄ သန်းတို့ဖြင့် အလျား ပေ ၁၄၀ ၊အနံ ပေ ၃၀ရှိ RCC နှစ်ထပ်ကျောင်း ဆောင်ကို Bright Star Wave Co;Ltdမှ တာဝန်ယူပြီး ဧပြီလ ၂၅ ရက်နေ့မှ စတင်၍ တည်ဆောက်လျှက်ရှိရာ ယခုဆိုလျှင် ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီးဖြစ်ပြီး အဆိုပါကျောင်းဆောင်သစ်ကို ဖေဖော်ဝါရီလအကုန်တွင် အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းကျောင်းဆောင်သစ်အား ဆောက်လုပ်လျက်ရှိသည့် တာဝန်ခံ အင်ဂျင်နီယာထံမှ သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းသားကျောင်းသူများ ပညာ သင်ယူရာတွင် ကျောင်းဆောင်လိုအပ်ချက်မရှိစေရေးအတွက် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် ကျောင်းဆောင် သစ်များကို တို့ချဲ့ဆောက်လုပ်ပေးလျှက်ရှိရာ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံ ပညာစာသင်ကျောင်း(၂၃)ကျောင်းတို့မှ အန္တရာယ်ရှိသောကျောင်းဆောင်များ ဖျက်သိမ်းပြီး ကျောင်းဆောင် သစ်များကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ယူ၍ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)