ရန်ကုန် ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် သိင်္ဂုတ္တရကုန်းတော်၌ တည်ထားတော်မူသည့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီ တော်မြတ်ကြီးအား အများပြည်သူဘုရားဖူးများ  စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် အများ ပြည်သူအလှူရှင်များအနေဖြင့် ရွှေပြားသင်္ကန်းတော်၊ရွှေစင်ပြားများကို ဆက်ကပ်လှူဒါန်းနိုင်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှသိရသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အနေဖြင့် ရွှေပြားသင်္ကန်းတော်များ အလှူခံခြင်းနှင့် ပတ်သက် ၍ ယခုအခါတွင် ရွှေဈေးနှုန်းများ ပြန်လည်တည်ငြိမ်လာပြီ ဖြစ်ပြီး ဘုရားဖူး အများပြည်သူအလှူရှင်များအနေဖြင့် ရွှေစင်ပြားများ လှူဒါန်းလိုပါသဖြင့် အလှူရှင်များ လှူဒါန်းနိုင်ရန်အတွက် ရွှေစင်တစ်ကျပ်သားလျှင် ငွေကျပ် ၁၆သိန်း သတ်မှတ်အလှူခံမည့်အကြောင်း လျှောက်ထားခဲ့ရာ ဩဝါဒါစရိယ ဆရာတော်ကြီးများက သင့်မြတ်ကြောင်း၊ ဩဝါဒကထာများ မြွက်ကြားခဲ့သည်ဟု သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)