ငပုတော   ဒီဇင်ဘာ  

 

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြိုနယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်ပေးသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိန်း နည်းသင်တန်းကို ဒီဇင်ဘာ ၂ ရက်က ကျောက်ပုံကျေးရွာ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲတွင် ငပုတောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူမင်းက အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများသည် ကျေးလက်ဒေသများတွင် ကျွမ်းကျင်လုပ်သားရှားပါးမှုကို အထောက်အကူပြုဖြည်းဆည်းနိုင်စေရန် ရည်ရွယ်၍ သင်ကြားဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် ကျွမ်းကျင်သောပညာရှင်များနှင့် သင်ကြားပေးသွားမှာဖြစ်ပြီး လိုအပ်သော သင်ထောက်ကူပစ္စည်များ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

သင်တန်းတွင် သင်ကြားပို့ချပေးမည် သင်တန်းနည်းပြဆရာများက တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင် ထိန်းသိန်းနည်းလမ်းများကို လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။

 

အဆိုပါ သင်တန်းကို ငပုတောမြို့နယ်အတွင်းရှိ ‌ ကျောက်ပုံ၊ ရွာသစ်၊ တောင်ဦး၊ ဂန်ချောင်း၊ ကုန်းကလေး၊ အုတ်ဖို၊ ရွာသစ်၊ နဂါးချောင်းနှင့် သင်္ကန်းချောင်းကျေးရွာ စုစုပေါင်းကျေးရွာ (၉)ရွာမှ သင်တန်းသား (၂၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို (၂၀)ရက်ကြာဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးမိုးကျော်